Facebook ကို အသုံးချကာ ဖောက်ထွင်းမှု ကျူးလွန်နေသူများ ဖမ်းဆီးရမိ

အမေရိကန် ရဲတပ်ဖွဲ့သည် Facebook အား အသုံးပြုပြီး ဖောက်ထွင်းမှုများ ပြုလုပ်နေသူများကို ဖမ်းဆီးရမိခဲ့ကြောင်း ကြေညာသွားသည်။ မာရီယိုရိုဂျက်စ်၊ လီယိုနာဒိုဘာရိုဆိုနှင့် ဗစ်တာရိုဒရီဂွတ်ဇ်တို့ (၃)ဦးသည် နယူးဟမ့်ပ်ရှိုင်းယားရှိ နာရှူအာ ပတ်ဝန်းကျင်မှ အိမ်(၁၈)လုံးကို ဖောက်ထွင်းကာ ဒေါ်လာနှစ်သိန်းဖိုးစာမျှ ပိုင်ဆိုင်မှုများကို ရယူခဲ့ကြသည်။ ယင်းတို့သည် ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်ဖြစ်သော Facebook မှတဆင့် ဖောက်ထွင်းမည့် အိမ်များတွင် အိမ်ပိုင်ရှင်များ ရှိမရှိကို ခြေရာခံခဲ့ကြသည်။ Facebook မှ အချို့သည် ယင်းတို့ အပြင်သွားနေပါက Status Message တွင် ရေးသားထားခဲ့ပြီး အဆိုပါအိမ်ကို ပစ်မှတ်အဖြစ် ဖောက်ထွင်းရေးသမား (၃)ဦးက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ “Facebook မှာ Privacy ပြဿနာက အမြဲတမ်းလိုလို မေးခွန်းထုတ်စရာ ကိစ္စပါ။ လူတိုင်းဟာ ကိုယ့်ရဲ့လက်ရှိ အနေအထားကို Facebook က ဖော်ပြတဲ့အခါ သတိပြုသင့်ပါတယ်။ အိမ်မှာ မရှိတဲ့အကြောင်း ပြောလိုက်မိတော့ ဖောက်ထွင်းရေးသမားတွေအတွက် ကလေးကို သကြားလုံးပေးသလို အကြိုက်ဖြစ်သွားမှာပေါ့”ဟု နာရှူအာရဲတပ်ဖွဲ့ အကြီးအကဲ ရွန်ဒစ်ကာဆန်က ဒေသခံ သတင်းဌာန WMURသို့ ပြောကြားခဲ့သည်။ ရဲများက သူခိုး(၃)ဦးသည် ရွေးချယ်သည့်အိမ်ကို အထူးပြုလုပ်ထားသည့် မီးပန်းတစ်ခုဖြင့် အချက်ပြ ဆက်သွယ်သည်ကို ခြေရာခံ သိရှိလာကြောင်း၊ ထို့ကြောင့်လည်း အခင်းဖြစ်ရာ ပတ်ဝန်းကျင် နေရာများတွင် ယင်းမီးပန်းမှ ထွက်ပေါ်လာသည့် အသံကို သတိထား စောင့်ကြည့်နေပြီးနောက် သူခိုးများအား လက်ရဖမ်းနိုင်ခဲ့ကြောင်း ဒစ်ကာဆန်ကဆိုသည်။ 
 နောက်ပိုင်းတွင် ယင်းတို့က Facebook ကို အကျိုးရှိရှိ အသုံးချကာ ယခုလို ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့ကြောင်း ၀န်ခံထားသည်။ Facebook ကမူ ယင်းတို့၏ Privacy ထိန်းသိမ်းမှု အားနည်းချက်က ရာဇ၀တ်မှုများအား တွန်းအားပေးစေနိုင်ကြောင်း ဝေဖန်မှုများအား ငြင်းဆန်ထားဆဲဟု သိရှိရသည်။

Source: tgdaily

No comments: