ရွေးကောက်ပွဲက ၅၂ ရက်လိုသေးတယ် မကျင်းပနိုင်တဲ့နယ်တွေ ကြေငြာပြီ

အောက်ပါ ကြေညာချက်များဖြင့် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က “ရွေးကောက်ပွဲကျင်းပခြင်း မပြုမည့်နယ်မြေများ ” ကြေညာခြင်း-

မြန်မာ့ရုပ်မြင်သံကြားသတင်း (၂၀၁၀ စက်တင်ဘာ ၁၆ ရက်)
၁။ ကချင်ပြည်နယ် (၉၉/၂၀၁၀)
၂။ ကယားပြည်နယ်(၁၀၀/၂၀၁၀)
၃။ ကရင်ပြည်နယ်။ (၁၀၁/၂၀၁၀)
၎။ မွန်ပြည်နယ် (၁၀၂/၂၀၁၀) ဘီလင်း
၅။ ရှမ်း (၁၀၃/၂၀၁၀) ပန်ဆန်းမြို့နယ်။ နားဖန်း။ ပန်ဝိုင်၊ မိုင်းမော။ ဟိုပန်။ နမ်တစ်။ နားဝီး။ မိုင်းခတ်။
၆။ ပါတီဖျက်သိမ်းခြင်း (၁၀၄/၂၀၁၀) ကယားပြည်နယ်အတွင်းက လူမျိုးပေါင်းစုံ ပါတီတို့ဖြစ်ပါတယ်။
ဆက်လက်ကြေငြာဦးမယ်ထင်ပါတယ်။

ဒီလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် တပ်မတော်ဟာ နယ်မြေအေးချမ်းသာယာရေးကို ဘာမှထိရောက်စွာ မဆောင်ရွက်နိုင်ဘူးဆိုတာ ၀န်ခံလိုက်ပါပြီ။ စစ်မတိုက်တတ်တာကလွဲလို့ ကျန်တာအားလုံးကို လုပ်တတ်တဲ့ တပ်မတော်ပါ။ လုံခြုံရေးတာဝန်မယူနိုင်လို့အဲဒီနေရာတွေမှာမကျင်းပနိုင်ခြင်းဖြစ်ပါတယ်။ ဒီနယ်တွေမှာ သူတို့ပြင်ဆင်မှုမလုပ်နိုင်သေးလို့ နောင်အေးချမ်းမှ သူတို့ပြင်ဆင်ပြီးမှလုပ်မဲ့သဘောလို့ သုံးသပ်ရမှာပါပဲ။

အညာနွေတမာမြေသတင်း

No comments: