ရွှေတိဂုံဘုရားမြေကို အုပ်ချုပ်သူ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် တိုင်းသံဃာ့နာယကအဖွဲ့က
သံဃာတော်များကို ဇွန် ၃၀ နောက်ဆုံးထားပြီး ရွှေတိဂုံဘုရားမြေအတွင်းမှ နှင်ထုတ်ခဲ့သည့် ဖြစ်ရပ်
မိုးမခစာဖတ်သူတဦး ရန်ကုန်
ဇူလိုင် ၂၃၊ ၂၀၁၀
မိုးမခအဖွဲ့သားများ ခင်ဗျား …
ဆရာတော်များထံက လက်ခံရရှိတဲ့စာကို မိုးမခစာဖတ်သူများလက်ထဲ အရောက် ထည့်ပေးပါ။ ဇွန်လ ၁၁ ရက်နေ့က ရွှေတိဂုံစေတီတော် ၀တ္တကမြေမှာ လွန်ခဲ့တဲ့ ၁၃၀၀ ပြည့်နှစ်ကတည်းက (၁၉၃၈) ပိဋကတ်တိုက်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ သံဃာတော်တွေ သီတင်းသုံးနေခဲ့တာကို စစ်အစိုးရက အမိန့်ထွက်ပြီး ဖယ်ရှားခိုင်းတယ်။ သံဃနာကကအဖွဲ့တွေကလည်း သံဃာတော်တွေကို ဇွန် ၃၀ နောက်ဆုံးထားပြီး ကျောင်းတွေကနေ ဖယ်ခိုင်းခဲ့တယ်။
ကျနော်တို့ တိုင်းပြည်ဟာ သာသနာကို ပ နေပြီ ဆိုတာ ထင်ရှားသည်ထက် ထင်ရှားပါတယ်။ ဒါတွေက ရုပ်ရှင်တွေ၊ ပြဇာတ်တွေလည်း မဟုတ်ပါဘူး။ ကျနော်တို့တတွေကို သံဃာတော်တွေကို တစစီကို ခုတ်ထစ် ဖြတ်ပိုင်းပြီး ဖျက်ဆီးနေတာ ဖြစ်ပါတယ်။ ဒါတွေကို ပြည်သူတွေဟာ မတရား အနိုင်ကျင့်ခံနေရပါတယ်။

ဂျပန်ခေတ်မှာ ကျနော်တို့တတွေ ဖက်ဆစ်တွေဆီက ရွှေရည်စိမ်လွတ်လပ်ရေးကြီးကို လက်မခံဘဲ တခဲနက် လက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့ကြတယ်။ အခု စစ်အာဏာရှင်တွေဆီက ဖက်ဆစ်ကျွန်ဇာတ်သွင်းတဲ့ ရွှေရည်စိမ်ရွေးကောက်ပွဲကြီးတောင် မပြီးသေးဘူး … အခုကတည်းက ကျနော်တို့တတွေဟာ ငှက်ကလေး၊ ကြက်ကလေးတွေလို ဖြစ်နေကြရပြီ။
ကျနော်တို့တတွေကို ညီညွတ်ကြပါခင်ဗျား …

No comments: