လက်ထပ်ရန် (၅) ရက်သာလိုတော့တဲ့ သတို့သားလောင်း ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံရအပြီး ပြန်အလာ သေဆုံးသွားခဲ့


လက်ထပ်ရန် (၅) ရက်သာလိုတော့တဲ့ သတို့သားလောင်း ကိုပြည့်စုံအောင်ဟာ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခံရအပြီး ယနေ့နံနက် မှာပဲ သေဆုံးသွားပါတယ်။ 
 
မန္တလေတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၅) စခန်းမှာ ယနေ့ နံနက် တစ်နာရီကျော်ခန့်က ကိုပြည့်စုံအောင်ဟာ လု ယက်မှုနဲ့ စစ်ဆေးခံခဲ့ရပြီးအပြန်မှာ မသက်သာလို့ ဆေးရုံပို့ပေမဲ့ သေဆုံးသွားပါတယ်။
 
ကွယ်လွန်သူရဲ့ အမဖြစ်သူ မဝင်းဝင်းစိုးက အမှန်အတိုင်းဖြစ်စေချင်ပါတယ်။ အမှတ် (၅) ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်လို့ပြောပါ တယ်။
 
အောင်မြေသာစံရဲတပ်ဖွဲ့ မှုးက... အတည်ပြုချက် မရသေးလို့ သတင်းမထုတ်ပြန်နိုင်သေးပါဘူး။ သေတာကတော့ စခန်းထဲမှာ မဟုတ်တာသေချာပါတယ်။... လို့ ပြောပါတယ်။
 
မျက်မြင်သက်သေတစ်ဦးက... ရဲက ထိုးတယ်။ ကိုင်ပေါက်တယ်။ ပြီးတော့ လက်ထိပ်ခတ်ခေါ်သွားတယ်။ စခန်းက ပြန်လာပြီးက တည်းက ကြောင်တောင်တောင်ဖြစ်လာတယ်။ မသက်သာလို့ ဆေးရုံသွားတာ အသက်မရှိတော့ဘူး။... လို့ ပြောပါတယ်။
 
သေသူရဲ့ အမက ငိုပြီးပြောတာကတော့... ညကမှ အိမ်ကနေ မင်္ဂလာဆောင်ဝတ်မယ့် အဝတ်အစားတွေလာယူသွားတာ။ မနက် သေတာပါပဲတော်.....လို့ ပြောပါတယ်။
 
 

No comments: