သူခိုးလက်ကသူဝှက်လု


ဒီမိုကရေစီအင်အားစုများအတွင်း အိမ်တွင်းသန့်ရှင်းရေး (Our Own House cleaning) လိုအပ်နေပြီ ဖြစ်ကြောင်း DVB ၏ အတွင်းရေးအကျင့်ပျက်မှုကြီးက မီးမောင်းထိုးပြနေပါသည်။ အမှန်တော့ သူဝှက်ကြီး ဟန်ညောင်ဝေ၊ ခင်မောင်ဝင်းတို့က သူခိုးလေးများကို လက်ညှိုးထိုး နံမည်ကောင်းယူပြီး ဂုဏ်သရေရှိရှိ ဆက်ခိုး ကြဘို့သာ ရှိပေသည်။ 
    
မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည် တော်လှန်ရေးကို ဘန်းပြလုပ်စားနေသူများအတွက် “ဂွင်ကြီး” ပင်ဖြစ် သည်။ ဟန်းညောင်ဝေသည် NCGUB စင်တော်မှ ကောက်တင်လိုက်သဖြင့် အရှင်မွေးတော့ နေ့ခြင်းကြီး ဆိုသလို ဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စားလှယ်ဘဝဖြင့် proposal တင်ပြီး NCGUB နှင့် ယူရို သန်းပေါင်းများစွာကို ဝေစားမျှစား လုပ်စားနေခဲ့သော်လည်း ယ္ခုပြောနေသည့် Transparency ဆိုသည့် စကား ထိုအချိန်က မကြားခဲ့ရချေ။ ဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စားလှယ်ဘဝဖြင့် သူ၏သားသမီး များကို အလွန်ဈေးကြီးသော Switzerland နိုင်ငံတွင် ကျောင်းထားနိုင်ခဲ့သည်။ နောက်ပိုင်း ကျေးဇူးရှင် နာဂုတ် ကြီးကို သစ္စာဖေါက်၍ ဥရောပထောက်ပံ့ငွေဖြင့် တိုင်းရင်းသားလူမျိုးစုများကောင်စီ Ethnic Natio nalities Council (ENC) ကို ဦးစီးခေါင်းဆောင်လုပ်ပြီး ဗမာနှင့်တိုင်းရင်းသားများကို သွေးခွဲ၍ ခေါင်းဆောင် လုပ်ရန် အတင့်ရဲစွာ ကြိုးစားလာခဲ့ပြီး NCGUB နှင့်လမ်းခွဲသွားခဲ့ပြန်သည်။

သို့ရာတွင် နိုင်ငံခြားငွေ ထောက်ပံ့သူများကို စံနစ်တကျ စာရင်းလိမ်ပြနိုင်မှုကြောင့် (ဘယ်လောက်ရတယ်၊ ဘယ်လိုသုံးစွဲတယ်ဆိုတာ မြန်မာပြည်သားတွေကိုတော့ ချမပြရဲဘူး၊ ပေါ်ကုန်မှာစိုးလို့။ ဒီနေရာမှာ မှတ်သား လောက်စရာ NCGUB ခေါင်းရှောင်ကြီး ဦးစိန်ဝင်း ပြောကြားခဲ့တဲ့ သမိုင်းဝင်စကားလေးကို မျှဝေပါရစေ။ ဦးစိန်ဝင်းကို ငွေဘယ်လောက်ရသလဲ ဘယ်လိုသုံးစွဲသလဲလို့ မေးတဲ့အခါ ဒေါသနဲ့ မေးတဲလူငယ်ကို“ မင်းတို့ ကို ဘာလို့ပြောရမှာလဲ၊ မင်းတို့က ငါ့ကိုအခွန်ပေးနေလို့လား? အစိုးရဆိုတာ အခွန်ပေးတဲ့သူကို ဘဲရှင်းပြ တယ်ကွ၊ ငါတို့ကို ပိုက်ဆံပေးတဲ့ NGO တွေကိုဘဲ ရှင်းပြနိုင်မယ်” ဟု ကျွန်တော့ရှေ့တွင် ပြောခဲ့ဘူးသဖြင့် တအံ့တသြ နားထောင်ခဲ့ရဘူးသည်။) ဟန်ညောင်ဝေသည် ဆက်လက်ထောက်ပံ့ငွေများ ရရှိခဲ့သော်လည်း NCGUB မှာမူ ဘာတိုးတက်မှုမှ မပြနိုင်ဘဲ ဝင်ငွေများကျဆင်းသွားခဲ့သည်။ စားဘို့လေးကို ပေးနေသေး သဖြင့် နာဂုတ်အဖွဲ့ကို အလုပ်မဖြစ်သော်လည်း မဖြုတ်ဘဲ မှေးစားနေဆဲပါ။ တဖက်တွင်လည်း ဟန်ညောင် ဝေသည် ENC ကို တည် ထောင်၍ တိုင်းရင်းသား တော်လှန်ရေးသမားများကို ဆွဲစားခြင်းဖြင့် တစင်ထောင် ပြီး ယူရိုငွေကို ဖေါဖေါသီသီ သုံးရင်း တိုင်းရင်းသားခေါင်းဆောင်များ၏ နောက်ကွယ်မှ စီမံခန့်ခွဲသူ ဖြစ်လာ ခဲ့သည်။ အီးယူ European Union ရှိ အစိုးရများက အလျော့ပေးပူးပေါင်းခြင်း အတွေးအခေါ် (compro mise) ကို ပြောလာသောအခါ စီးပွါးရေး ပိတ်ဆို့မှု (sanction) ကို တောက်လျှောက်အော်လာသော ဟန် ညောင်ဝေကန အဖကို ဆန့်ကျင်နေခြင်းမှ စီးပွါးရေးဖွင့်ပေးဘို့လိုတယ်ဆိုပြီး ပြောင်းလဲအော်ခါ နေဝင်း မောင်၊ ခင်ဇော်ဝင်း၊ ပြည်တွင်းအင်ဂျီအိုတွေဖိတ်ပြီး စားကွက်ကို ထွင်လိုက်ပြန်ပါတယ်။ အော်အခုတခါ DVB ရဲ့ ယာယီဦးဆောင်ညွှန်ကြားရေးမှူးတာဝန် ယူလိုက် ရတော့ “တာတီးတို့ ဗိုက်ခွေးနမ်းတဲ့ကိန်း ဆိုက် ပြန်ပြီပေါ့”။ DVB မှာသူနဲ့ စည်းဝါးကိုက်လို့ရမယ့်သူတွေကို၊ ခင်မောင်ဝင်းလူမွေးသလို ထည့်သွင်းလာတာ မြင်ရအုံးမယ်၊ အဓိကမဲဆောက်ရုံးက လူတွေကိုဖြုတ်ဖို့လုပ်ပြီးရင်၊ အဲဒီလူတွေရဲ့ နေရာမှာဟန်ညောင်ဝေနဲ သဟဇာတဖြစ်တဲ့ တိုင်းရင်းသားတွေပါလာဖို့ များတယ်။

DVB ကို NCGUB  ကမင်းသမီးစခန်းမှ ရဲဘော်ခင်မောင်ဝင်းကို ဒုတိယအုပ်ချုပ်ရေးမူးခန့်ပြီးတော့ လွှတ် လိုက်တဲ့အခါ ခင်မောင်ဝင်းက သူနဲ့ဆွေမျိုးနီးစပ်တော်တဲ့ လူတွေကိုစိတ်ကြိုက် ဆွဲခန့်ခဲ့တဲ့အတွက် DVB အသံလွှင့် ဋ္ဌာနဟာ ဗမာစကား မပီကလာပီကလာ ပြောတတ်တဲ့လူတွေရဲ့ အသံလွှမ်းနေခဲ့တယ် ဗမာလို ပီပီသသပြော နိုင်တဲ့ လူတွေကို မရွေးပဲ ခင်မောင်ဝင်းရဲ့ ဂိုဏ်းဂဏတည်ထောင်မှုကြောင့် ပြည်တွင်းပြည်ပ ကနေ DVB မှာ ဗမာလို ပီအောင်ပြောတတ်တဲ့ လူမရှိတော့ဘူးလားဟု လှောင်ပြောင်ခြင်းကို ခံခဲ့ရတယ်။ DVB ဟာ အဲဒီ ကထဲက စည်းကမ်းတကျ အရည်အချင်းရှိသူတွေနဲ့ မဖွဲ့စည်းဘဲ နီးစပ်ရာဆွဲခန့်၊ BBC, VOA, RFA တို့လို အရည်အချင်းစစ်တာ၊ အသံစစ်တာ၊ ပညာအရည်အချင်းစစ်တာတွေမရှိဘဲ ငါ့စကားနားထောင် မဲ့ငါ့လူဖြစ်ဘို့က အဓိကဖြစ်နေခဲ့တယ်။ ပင်တိုင်ဆောင်းပါးရှင် နိုင်ငံကျော်စာရေးဆရာကြီး (ကြေးမုံဦး သောင်း) က ညွန့်ပေါင်း အစိုးရကို ဝေဖန်တဲ့အတွက် ဆရာကြီးကို လွတ်လပ်တဲ့ ဒီမိုကရက်တစ် မြန်မာ့ အသံလို့ ခံယူထားတဲ့ DVB က ဆင်ဆာလုပ်ပြီး အသံလွှင့်ခွှင့်ပိတ်လိုက်တယ်။ ဒီအကြောင်းကို ဆရာကြီး ကိုယ်တိုင် ကျနော့်ကိုရင်ဖွင့်ခဲ့တာပါ၊ ဒါကို ဖလော်ရီဒါမှာ အခုရှိနေတဲ့ ဆရာကြီးရဲ့ဇနီးဖြစ်သူကိုလည်း မေးကြည့်နိုင်ပါတယ်။

ခင်မောင်ဝင်းဟာ A.B.S.D.F ဒုတိယအကြိမ်ညီလာခံမှာ ပြန်ကြားရေးဋ္ဌာန အတွင်းရေးမှုးအဖြစ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဖြစ်ပါလာတယ်။ ညီလာခံအပြီးမှာ၊ ညီလာခံမှတ်တမ်းမှတ်ရာ၊ ဓါတ်ပုံ၊ အသံဖမ်း တိပ်ခွေများ၊ ဗဟိုကော်မတီဟောင်းမှ လွှဲပြောင်းသော မှတ်တမ်းလက်ခံများကို သေတ္တာတစ်ခုတွင် သိမ်း ဆည်းရင်း "ဒီဟာတွေက၊ ရွှေတွေဗျ၊ ရွှေတွေတချိန်ကျရင် ရွှေဖြစ်မှာ" လို့ ဝမ်းသာအားရ ကြွေးကြော်ခဲ့ ဘူးတယ်။ (တ နေ့ ဒါတွေကိုရောင်းစားရင်ဖြစ်ဖြစ်၊ ထုတ်ဝေရင်ဖြစ်ဖြစ်ငွေ အမြောက်အများရနိုင်မယ်ဆိုတဲ့ သဘောပေါ့)။

ခင်မောင်ဝင်းဟာ ABSDF ပြန်ကြားရေးတာဝန်ခံအဖြစ် ဘာတခုမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပဲ (မင်း ကြီး) အောင်သန်း (ကွယ်လွန်) အကူအညီနဲ့ ကျနော်ရေးသားတဲ့ ဖိလစ်ပိုင်ရွေးကောက်ပွဲ၊ နီကာရာဂွါ ရွေးကောက်ပွဲ၊ အာဏာရှင်၏ နောက်ဆုံးနေ့များ ဆောင်းပါးသုံးပုဒ်ကို ထုတ်ဖို့တောင်းလို့ရတဲ့ ကူငွေနဲ့ ABSDF ပြန်ကြားရေး ဌာနမှ ထုတ်ဝေသည်ဟု အမည်တပ်ပြီး ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင် ပြည်တွင်းကို ရွေးကောက်ပွဲအကြိုအဖြစ် ထုတ်ဝေဖြန့်ဖြူးခဲ့တာကို ABSDF ဗဟိုကော်မီတီအစည်းအဝေးမှာ ပြန်ကြားရေး ဌာနနာမည်ခံထားတဲ့အတွက် သူလုပ်တာပါလို့ ကျွန်တော့ရှေ့မှာ မျက်နှာပြောင်တိုက် ပြောရဲခဲ့သူဖြစ်တယ်။ ခင်မောင်ဝင်းရဲ့ မသမာမှုက သူရဲ့ရဲဘော်ရဲဘက် တစခန်းထဲမှာ နေခဲ့တဲ့ စာရေးအားကောင်း၊ လေ့လာ အားလဲ ကောင်းတဲ့ ထက်အောင်ကျော် (ဝင်းထိန်) ကို DVB ကနေဘတ်ဂျက်နဲတာကို အကြောင်းပြပြီး ဖြုတ်ပစ်လိုက်တာဘဲ ဖြစ်တယ်၊ ရှားရှား ပါးပါး တော်လှန်ရေးထဲက အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာလုံးနဲ့ ဆောင်းပါးတွေ ရေးနိုင်သားနိုင်တဲ့၊ ရေးသားနေတဲ့ သူကိုဘာ့ကြောင့်ထုတ်ပစ်ရသလဲ?။ ခင်မောင်ဝင်းမှာ ဒီလိုအရည်အချင်းမရှိဘူး၊ ဆောင်းပါးမရေးနိုင်ဘူး။ ထား ဝယ်သားချင်းအတူတူ သူမဟုတ်တာလုပ်တာကို သိနေလို့ မပေါ်အောင် စောစောရှင်းလိုက်တာလား?။ မေးစရာ ရှိတယ်။ တော်လို့ အရည်အချင်းရှိလို့ ရောက်လာတာမဟုတ်ဘဲ NCGUB က လူယုံအဖြစ်မွေးလိုက်လို့ နေ့ချင်း ညချင်းအုပ်ချုပ်ရေးမှူး ဖြစ်လာသူ ဖြစ်တယ်။

မိုးသီး၊ နိုင်အောင် နှစ်ခြမ်းကွဲတဲ့အခါ နိုင်အောင်ဖက်မှာရပ်တည်ပြီးကိုမိုးသီးကိုအစွမ်းကုန် မုန်းတီးခဲ့သူ ဖြစ် တယ်။ ဒါကြောင့် DVB မှာတွဲဘက် အုပ်ချုပ်ရေးမှူး ရာထူးရတော့ ကိုမိုးသီးကို ဆင်ဆာလုပ်ပြီး ပိတ်ပင် တားမြစ်ထားတယ်။ ABSDF မှာတာဝန်ထမ်းဆောင်နေစဉ် ABSDF အပြင် မြန်မာနိုင်ငံရှေ့နေများကောင်စီ အဖွဲ့ဝင်အဖြစ်လည်းပါဝင်ခဲ့ပြီး နှစ်ဘက်ခွ လုပ်စားနေခဲ့သူဖြစ်တယ်။ ဒါကြောင့် DVB မှာ ခင်မောင်ဝင်း ရောက်ရှိသွားခြင်းဟာ ကိုယ်ကျိုးစီးပွားရှာဖို့အတွက် စားပေါက်ကြီးပွင့်သွားတာနဲ့ အတူတူပါပဲ။ DVB ကို ဦးစိန် ဝင်းနဲ့ညှိပြီး သူ့လူခင်မောင်ဝင်းကို ပို့ခဲ့သူဟာ နကုတ်အဖွဲ့ကြီးက ဒေါက်တာသောင်းထွန်းဖြစ်တယ်။ ဒေါက်တာ သောင်းထွန်းဟာ ယခုဗဟုအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဦးကိုလည်း NCGUB ရဲ့ အတွင်းလူ အဖြစ် စည်းရုံးသိမ်းသွင်းပြီးဘားမားဖန် (Burma Fund) ရဲ့ ဦးဆောင်ညွန်ကြားရေးမှူးရာထူးကို ပေးခဲ့တာ လည်း ဒေါက်တာ သောင်းထွန်းပဲဖြစ်တယ်။ ဒါဆိုရင် ဒီမိုကရေစီအဝန်းအဝိုင်းထဲမှာ ဒေါက်တာသောင်းထွန်း ချယ်လှယ်ပြီး နေရာချ ထားပေးခဲ့သူတွေဟာဒီနေ့ ဒီချိန်မှာဘယ်လောက်ဖောက်ပြန်နေတဲ့ သူတွေဖြစ်တယ် ဆိုတာကို မီးမောင်းထိုးပြ နေပြီဖြစ်တယ်။ NCGUB ဟာ အတ္တကြီးကြီးနဲ့ တကယ်စိတ်ဓါတ်ရှိသူတွေကို မရွေးဘဲ အရည်အချင်းမရှိတဲ့ အနားပြာတွေကို အဟုတ်ထင်ရွေးလိုက်တဲ့အတွက် ပြည်ပတော်လှန်ရေးကြီး တခုလုံး ကျဆုံးနေခဲ့တာ ဖြစ်တယ် ဆိုရင် မမှားဘူး။

DVB အကျင့်ပျက် ချစားမှုဟာထိပ်ပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့ အေးချမ်းနိုင်နဲ့ ခင်မောင်ဝင်းတို့မှာ တာ ဝန် ရှိသလိုသူတို့ကိုအာမခံပေးတဲ့ NCGUB နဲ့ ဒေါက်တာသောင်းထွန်းတို့မှာလည်းတာဝန်ရှိတယ်။ ဒါကြောင့် ဒီလူတွေအားလုံးဟာဒီမိုကရေစီအဝန်းအဝိုင်းကနေခေါင်းဆောင်မှု ယူထားခြင်းမှ နှုတ်ထွက်ပေးသင့်တယ် လို့မြင်တယ်။ ယာယီနှုတ်ထွက်ထားပြီး  ပြန်လည်တာဝန်ပေးခြင်းမျိုး မရှိသင့်တော့ဘူး။ လူသစ်စိတ်သစ်နဲ့ တကယ်ရိုးသားဖြောင့်မတ်သူတွေကို DVB မှာ မြင်ရဘို့ လိုတယ်။

ဟန်ညောင်ဝေဟာလည်း DVB ရဲ့ ယာယီညွန် ကြားရေးမှူးတာဝန်နဲ့ ထိုက်တန်တဲ့လူမဟုတ်ဘူး။ သူ့ကိုယ် ကျိုးစီးပွားအတွက် ဗမာနဲ့ တိုင်းရင်းသားတွေကိုသွေးခွဲဖို့ ကြိုးစားနေတဲ့သူဖြစ်သလို ခံယူချက်မရှိဘဲ ပုတ်သင် ညိုအရောင်ပြောင်းသလို မိမိစားပေါက်ရဘို့ကိုသာအတ္တကြီးစွာလုပ်ဆောင်နေတဲ့သူ ဖြစ်တဲ့အတွက် အားလုံး က စာရေးသားပြီးဟန်ညောင်ဝေကို DVB ညွန် ကြားရေးမှူးအနေနဲ့ ယာယီတောင် တာဝန် မပေးသင့်ဘူးလို့ ရေးသားကန့်ကွက်ကြဖို့လိုတယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ DVB ဟာ ကြားနေအသံလွှင့်အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့ လူပါးဝ စကားဘဲဖြစ်တယ်၊ ဒီစကားကိုပြောပြီး ဒီမိုကရေစီအင်အားစု ဖက်လဲမလိုက်ဘူး၊ စစ်အစိုးရဖက်လဲ မလိုက် ဘူး ကြားနေမယ်ဆိုတာ တော်လှန်ရေးလုပ်နေတဲ့သူတွေအားလုံးကို စော်ကားလိုက်ပြီး ပုဆိုးလှန်ပြလိုက် သလိုပါဘဲ၊ တော်လှန်ရေးအဖွဲ့အစည်းထဲမှာပါလို့ တော်လှန်ရေးအကျိုးအတွက်ခန့်လိုက်တာကို အခွင့် ကောင်းယူပြီး သူတို့ ကိုယ်သူတို့ ဝါရင့်သတင်းဆရာကြီးများ (Professional Journalists) ဖြစ်သွားပြီဆိုတဲ့ အမူအကျင့်ဟာ ဘာကို ပြသလဲဆိုတော့ ဘဝမေ့တာ၊ ငါတို့ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတော့ဘူးဆိုတဲ့ တော်လှန်ရေးကို ကျေးဇူး ကန်းတဲ့စိတ်၊ ဘဝင်မြင့်နေတာ၊ အောက်ခြေလွတ်နေတာကို ပြတာဘဲဖြစ်တယ်။ ဆောင်းပါးကောင်း တပုဒ် တလေတောင် မရေးတတ်တဲ့ အုပ်ချုပ်ရေးမှူးဆိုတဲ့ သူတွေက သူတို့ကိုယ်သူတို့ ဝါရင့်ဂျာနယ်လစ်ကြီးများ အဖြစ် သတ်မှတ်ပြီး “ကြားနေမယ်ဆိုတာဟာ ဒီမိုကရေစီတော်လှန်ရေး အိမ်ဦးခန်းကို ချီးတက်ပါတာဘဲ” အင်မတန်စော်ကားတဲ့ လုပ်ရပ်လို့မြင်တယ်။ တနည်းပြောရရင် ဒီမိုက ရေစီတော်လှန်ရေးကြီး တခုလုံးကို ခုတုံး လုပ်ပြီး ငါတို့ကိုယ်ကျိုးရှာတော့မယ်လို့ မျက်နှာပြောင်တိုက် ပြောလိုက်တာဘဲ။ သူတို့ရဲ ကြားနေမယ်ဆိုတာ ဆိတ်လစေ့လို အချောင်နေပြီး ဖက်ကပ်လိုက် ဒီဖက်ကပ် လိုက်နေသာသလို အနာမခံအမုန်းမခံဘဲ ခွစားနေ မယ်ဆိုတဲ့စိတ်ဘဲ။ ငယ်ငယ်ထဲကပါလာတဲ့ စိတ်ဆိုတော့ ငယ်ပါစိတ်လို့ခေါ်တယ်။ ရွံ့ရှာစရာကောင်းတဲ့ စိတ်ဓါတ်တွေပါဘဲ။

အချုပ်အားဖြင့် သူခိုးလက်မှ သူဝှက်လုခြင်းသည် ဒီဗီဘီအတွက် ဘာတိုးတက်ပြောင်းလဲမှုမှ မရှိနိင်ချေ။ လူ ကောင်းတွေ တကယ်ရွေးနိုင်ဘို့လိုသည်။ တကယ်မျိုးချစ်စိတ်ထက်သန်တဲ့ သူတွေပါဘို့လိုသည်။ ကြိတ်စား ခြင်း မဟုတ်ဘဲသုံးစွဲမှုမှန်သမျှကို ဒိုးယိုပေါက် ထင်သာမြင်သာ (Transperency) ရှိဘို့လိုပါသည်။

တော်လှန်ရေးသစ္စာဖြင့်
ထွန်းအောင်ကျော်

မှတ်ချက်။ DVB ကိစ္စကို ကိုင်တွယ်နေသော ဘုတ်ဒါရိုက်တာမစ္စတာ Mr. HaraldBockman ကို ဖုံးဆက်ကြပါ။ အီးမေးပို့ကြပါ။ 

Mr. HaraldBockman, Board Chairman, Tel +47 9414 38 38.
It’s a shameful story for us. The Burmese "Super Thief caught Thieves" in Norway because HarnYawnghwe is well known as a super corrupter among the Burmese.If the Norway donors is continue to use these corrupted management, it will be obviously reflected as neglected democratic societies of Burma.
K K O

BertilLintner ရဲ့ စာအုပ်ဝေဖန်သုံးသပ်ချက်ထဲမှာ စာရေးဆရာ Samaranyake ဟာ သမတကြီးစပ်ရွှေ သိုက် ရဲ့ သမီးနဲ့ လက်ထပ်ခဲ့သူ Peter Simms ဟာ ဗြိတိန်အစိုးရရဲ့ စပိုင်တယောက်ဖြစ်နေတာ စာရေး ဆရာက သိပုံမပေါ်ဘူးလို့ပါတယ်။ သမိုင်းမြှုပ်ကွက်တခုပါဘဲ။ ဟန်ညောင်ဝေရဲ့ အမကြီးယောက်ျားပေါ့။

“During that time he also met Peter Simms, an Englishman turned Buddhist who had married one of the daughters of Myanmar's first president, Sao ShweThaike, and become an adviser to one of the country's newspaper editors. What Samaranayakeprobably did not know was that Simms was also a Britishintelligence agent,”
Book Review Asia Times October 1, 2011, Before the Darkness, Rangoon Journalist: Memoirs of Burma Days 1940-1958 by F Smaranayake
Reviewed by BertilLintner

DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင် ဘာလ ၃၀ မှာသတင်းထုတ်ပြန်ပါတယ်.. အလွဲသုံးစားလုပ်တာ ၂၀၁၀ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ ၃ သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀၀ လောက်လို့ ခန့်မှန်းပါတယ်.. အလွဲသုံးစားမှုမှာ ပါဝင်ပါတ် သက်မှု မရှိပေ မယ့် အဖွဲ့အစည်းတခုလုံး စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြား ရေးမှုး ဦးအေးချမ်း နိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းတို့ က စီမံခန့် ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်.. ဒီကိစ္စတွေနဲ့ ပါတ်သက်ပြီး အဖြေမှန်၊ အမှုမှန်၊ အခြေအနေမှန် သိရအောင် နော်ဝေ ရဲဌာနမှာ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ့ဝင် စပ်ဟန်ညောင်ရွှေက DVB ဦးဆောင် ညွှန်ကြားရေးမှုးတာဝန် ယာယီ ထမ်းဆောင်ပါမယ်။

By DVB
Published: 30 September 2011
1. The Management and Board of Directors of the Democratic Voice of Burma (DVB) have discovered that the leadership of DVB ’Inside Operations’ in Burma may have embezzled in 2010, up to Baht 9 million (1.7 million Norwegian Kroners or approximately 300,000 US Dollars) from funds allocated for journalists and operations inside Burma.
2. Preliminary investigations by the Board show that other DVB journalists working in Burma and elsewhere were not involved.
3. The Executive Director of DVB, Aye Chan Naing, and the Deputy Executive Director, KhinMaung Win, although not involved in the embezzlement, have taken full responsibility. They have stepped down from their management positions to enable external auditors to conduct an impartial investigation.

4. The Board of Directors have accepted the decision of the two Executive Directors and have appointed HarnYawnghwe as Acting Executive Director of DVB to oversee operations in the interim.

5. The DVB Board has initiated legal action. This initiative is of crucial importance to prove that the DVB as an exiled media institution that promotes democratic values and transparency does not allow any organisational practices that go contrary to what it is promoting. DVB is registered as a Norwegian Foundation.

6. This process will not have any major impact on DVB operations, nor on any of the DVB affiliates.

Over the years, DVB has built up an extensive network of reporters inside the country, which has delivered news under challenging conditions. The fact that 17-DVB journalists from the network at present are serving from 3 to 65 year terms in various prisons in Burma is a clear indicator of the selfless and dedicated work of these journalists.

(HaraldBockman)
Contacts:

1. Mr. HaraldBockman, Board Chairman, Tel +47 9414 38 38.
2. Mr. HarnYawnghwe, Acting Executive Director, Tel +32 475 75 3632.

No comments: