ခမောက်သူခိုး
အောင်သူရဦး (တနင်္သာရီ)
၂၀ နှစ်ပေါင်း
ရှည်ကြာညောင်းပြီး၊ ခရီးမတွင်
ထင်ရာမပေါက်၊ ရွေးကောက်ကိုးဆယ်
သူပယ်သမျှ၊ ဖယ်ခွာကြပြီး
ကြောက်လှပါပြီ
ဒူးကိုလည်းထောက်၊ လက်ကိုမြှောက်၍
အခွင့်ကိုမျှော်၊ လွှတ်တော်ခုံမှာ
တနေရာများ၊ ရလေငြားဟု
သွင်ဆင်တုပ၊ ခမောက်လှနှင့်
နာမယောင်မှား၊ မဲတပြားသို့
သက်ကိုမထောက်၊ ရှက်မကြောက်ပါ
NDF မည်၊ ငါဖော်သည်ဟု
ငြီးညူအော်ဟစ်
ကျွန်ဖြစ်ရမည် မြန်မာပြည်။
အောင်သူရဦး (တနင်္သာရီ)
ခမောက်သူခိုး NDF ဝက်ဘ်ဆိုက်တွင် ဖတ်ရသည့်ကဗျာကို တုပပါသည်။
သူခိုးများကို သွားကြည့်ချင်လျှင် NDF Website= http://www.ndfmyanmar.com

No comments:
Post a Comment