မီးထွန်းတဲ့မေ

မီးထွန်းတဲ့မေ
မောင်ပြည်အေး (သံတွဲ)



နွေအတွက် ရေ
မြေအတွက် သပြေ
ခု... မြန်မာဟာ
ကမ္ဘာမှာ ရွှေ...။

အဝေးမှာရှိပေမယ့်
အရေးမြန်မာထိပြန်တော့
သွေးဇာတိကဖြင့် မနေ...
သေပစေ မြေကြီးဆိုတဲ့
ရှင်နေ ရွှေထီးမလိုတဲ့
အဖခရီး အမွေ...။


စစ်အာဏာအောက်
မကြောက်မရွံ့
နောက်မတွန့်လေ...
တရားလက်နက်
စကား ထက်ထက်စူး
တဦးကနေ...။

ဒါ... ဒို့ပြေ
ဒါ... ဒို့မြေ
ဒို့ပြည်ထောင်စုအမွေ
အမျိုးအတွက်
ချိုးငှက်လိုအသွေးကြွ
အေးမြဖို့ပေ...။

ဖရောင်းလက်ပေမယ့်
ဒေါင်းဘယက်တွေနဲ့ဝေ...
နှောင်းတသက်မှာဖြင့်
သောင်းလက်ျာ ဇမ္ဗူကျွန်း
မီးထွန်းတဲ့မေ...။

မောင်ပြည်အေး (သံတွဲ)
(၁၉၉၂) ဖေဖော်ဝါရီလ။

No comments: