လိုအပ်ချက်

လိုအပ်ချက်
 မုတ်သုန် (ယောရပ်ရွာ)


ရွံစရာကောင်းတဲ့အကြံ
အကျင်နာခေါင်းပါးတဲ့ဉာဏ်နဲ့
ထင်ရာကိုဂျောင်း
ခေါင်းမပါဘဲ ခရီးသွား
ဟောဒီ… နအဖနွားတွေနဲ့တော့ဖြင့်
ရှေ့ရေးက လားလားမမြင်။

အလုံးကိုအပြား
အပြားကိုအချွန်းလုပ်ပြီး
ကုလားဖန်ထိုးပြဖို့ဝန်မလေး
ပုဒ်မတွေ တထွေးကြီးနဲ့
ထုတ်ချရေးပြီး
ပုပ်ပွဆွေးနေတဲ့ ဥပဒေတွေနဲ့
ထု ခြေ နေခဲ့တာ
အခုဆိုရင်
လူထုအခြေအဝိုင်းဘဝမှာ
အပူမှုတွေ လှိုင်းထလို့
အမူအပြုတွေ ရိုင်းပြတာဟာ
ဒင်းတို့ကြောင့်ပေါ့…….။ 
လူငယ်တွေရဲ့အနာဂါတ်ကို ရိုက်ချိုး
ဒင်းတို့စရိုက်က ဆိုးလိုက်တာကွာ……။

အေး……
ခွေးရူးကောင်းစား တမွန်းတည့် ဆိုတဲ့
ဆိုရိုးစကား
မင်းတို့နားအတွင်း
အမြဲနှလုံးသွင်းထားဟေ့……..။

အဖြူရောင်မြတ်နိုးသူတွေဟာ
ဘယ်လောက်ပဲ နှပ်စက်၊ နှိပ်စက်
ယုံကြည်ချက် ပျက်မသွားဘူး။

တရွက်ကြွေမြေခနေပေမဲ့
အသစ်တွေ ဝေလှနေဦးမယ်။
အရွက်တွေဟောင်းပေမဲ့
အမြစ်တွေကောင်းနေသေးတယ်
ဒီမိုကရေစီမျိုးစေ့ဟာ
ဖြေမတွေးလျှောက်
မြေမရွေးပေါက်နိုင်တယ်ဟေ့…….။

မင်းတို့ရဲ့ ယိုင်နဲ့နဲ့
စစ်အာဏာရှင်လူပြိန်းဇာတ်ကြီး
တခန်းရပ်လို့ ပြေးရအောင်ပါ့
အခွင့်အရေးကိုယ်စီနဲ့
အလိုညီညီ ပြိုင်သံသစ်ကြစို့
ဒီမိုကရေစီနိုင်ငံသစ်။

မုတ်သုန် (ယောရပ်ရွာ)

No comments: