သန်းရွှေ၏ နောက်ဆုံးခရီးအတွက် အဆောတလျှင် ကူးတို့ခ လာရှာခြင်း

ဒီတခေါက် သန်းရွှေ အိန္ဒိယကိုလာတာဟာ ထူးခြားမှုတခုလို့ ဆိုရပါမယ်။ ဘာကြောင့်လဲဆိုတော့ သန်းရွှေဟာ သက်ရွယ်ကြီးရင့်မှည့်နေပြီး ကြွေရတော့မယ့် အခြေအနေရောက်နေလို့ပါပဲ။ သူသေခါနီးမှာ ပြုခဲ့တဲ့ အကုသိုလ် အညစ်အကြေးတွေကို ဆေးကျောပစ်နိုင်မလားဆိုပြီး အိန္ဒိယပြည်၊ ဗုဒ္ဓဂါယာကိုလာပြီး ယတြာသဘောနဲ့ တရားထိုင်၊ သံဃာတွေကို ၀ါဆိုသင်္ကန်းကပ်တဲ့ အပေါ်ယံမှုတွေကို လာလုပ်နေပါတယ်။ ယနေ့ (၂၅) ရက်နေ့မှာ ဒေလီကို ရောက်ရှိနေကြတဲ့ ဗမာ့ဒီမိုကရေစီ အင်အားစုတွေက သန်းရွှေကို ဆန္ဒပြ ကန့်ကွက်ကြပြီး အိန္ဒိယသမ္မတထံသို့လည်း ကန့်ကွက်စာ ရေးသားပို့လိုက်ကြောင်း သိရပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ရွှေဝါရောင်ကျောင်းတိုက် (အိန္ဒိယ) ဆရာတော် ဦးပညာဇောတက သူ့ရဲ့ မိုက်မဲမှု၊ ကြမ်းကြုတ်မှုဟာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေဘူးလို့ ကျူးရင့်သွားပါတယ်။ ထို့အတူ ABSL ဥက္ကဋ္ဌ ဦးကျော်သန်းကလည်း သန်းရွှေဟာ သေခါနီး ရိက္ခာလာယူခြင်းဖြစ်တယ်၊ ဒါပေမဲ့ ကြီးလေးတဲ့ အပြစ်မှုတွေဟာ အပေါ်ယံအမှုတွေနဲ့ ဖုံးကာမရနိုင်ကြောင်း၊ သန်းရွှေကို အိန္ဒိယက မပြန်မချင်း ဆက်လက်ဆန္ဒပြ ကန့်ကွက်သွားကြဖို့လည်း တိုက်တွန်းနှိုးဆော်သွားပါတယ်။ ထမိန်ပတ်၊ ဖိနပ်ပန်းကုံးကို စွပ်ထားတဲ့ သန်းရွှေ စက္ကူရုပ်တုကို မီးရှို့ကြပြီး Go to hell. ငရဲသွား လို့ ကြွေးကျော်ကြပါတယ်။ ဒီကနေ့ဟာ ရဲလုံခြုံရေးကို အရင်ကထက် ၂ဆလောက်တိုးပြီး ချထားတာကို တွေ့ရပါတယ်။

နောက်သတင်းချက်လက်အရ သန်းရွှေဟာ မြတ်စွာဘုရား သဗ္ဗညုညာဏ် ရရှိတဲ့ နေရာဖြစ်တဲ့ မဟာဗောဓိစေတီမှာ (၈)နာရီကနေ (၁၀) နာရီအထိ အပေါင်းပါ ပရိတ်သတ် (၆၀) ကျော်နဲ့ တရားထိုင်ကြတယ်လို့ သိရပါတယ်။ (၂၆) ရက် မနက်မှာ ဗုဒ္ဓဂါယာရှိတဲ့ စိတ်ကြိုက်သံဃာအချို့ကို ၀ါဆိုသင်္ကန်းကပ်လှူပြီး ဗာရဏာသီ မိဂါဒ၀ုန်ကို သွားမယ်လို့ ကြားသိရပါတယ်။ မြင်လိုက်ရတဲ့ ဘုရားဖူးပုဂ္ဂိုလ်တဦးက " ဦးသန်းရွှေ ကျန်းမာရေး အတော်ချို့တဲ့နေပုံရတယ် ဘေးမှာ လူနှစ်ယောက် အမြဲထူပေးထားရတယ်" လို့ပြောသွားပါတယ်။ ဇနီးသည် ဒေါ်ကြိုင်ကြိုင်ကလည်း ဆမတန်ဝနေပြီး ဒူးနာနေတယ်လို့ ဆက်ပြောသွားပါတယ်။ ဒီခရီးစဉ်မှာ သန်းရွှေနဲ့အတူ လိုက်ပါလာကြတဲ့ သူခိုးအကြီးပိုင်းထဲက ဦးသူရရွှေမန်းနဲ့ ကြင်ယာတော်၊ အတွင်းမှာရေးပြီးမူးတဲ့ အတွင်းရေးမှူး(၁) ၈လုံး သီဟသူရတင်အောင်မြင့်ဦး။ စစ်ရေးချုပ် သူရမြင့်အောင်၊ ငလိမ်ဝန်ကြီး ကျော်ဆန်း။ နိုင်ငံတကာပတ်ညာတဲ့ ဦးဥာဏ်ဝင်း၊ ဘုန်ကြီးသတ်တဲ့ သာသနာရေးဝံကြီး သူရမြင့်မောင်။ စီမံကိန်းတွေရေးပေးပြီး စားနေရတဲ့ စိုးသာ၊ ကုန်ရင်းသွယ်တဲ့ဝံကြီး တင်နိုင်သိန်း၊ ဆရာဝန်တွေအပေါ်ခေါင်းပုံဖြတ်တဲ့ ဒေါက်တိုကျော်မြင့်၊ ဒုဝံကြီး ရမ်းကုပိုင်စိုး၊ နို့ဆီခွက်နဲ့ဆက်သွယ်ရတဲ့ ဆက်သွယ်ရေးဝံကြီး သိန်းဇော်တို့ရဲ့ ပွဲတက်ဇနီးများ တပြုံတခေါင်း ပါလာကြပါတယ်။ အိမ်စောင့်အတွက် ဗိုလ်မောင်အေးကို အရက်ချက်စက်ရုံသော့အပ်ခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းအရသိရပါတယ်။

သေခါနီးမှာ ရှောင်ရှားလို့ မရစကောင်းတဲ့ မရဏသန္နဇော ကောင်းအောင် နေ့လားညလား ချိန်မရွေး ကြွေကြသွားနိုင်တဲ့ သန်းရွှေတို့ အုပ်စုဟာ ကုသိုလ်မှုတွေကို လာလုနေကြပါတယ်။ ယတြာအနေနဲ့ မဟာဗောဓိ ပညောင်ပင်ခြေရင်းမှာ ညောင်ပင်ငယ်တပင်လည်း စိုက်မယ်လို့ ကြားသိရပါသေးတယ်။ ရှေးဟောင်း သုတေသနနဲ့ စောင့်ရှောက်ထိန်းသိမ်းရေးအဖွဲ့ အသစ်စားထိုးတာတွေကို ဥပဒေအရ တားမြစ်ထားတာ ကြာပါပြီ။ ဒါကို အိန္ဒိယအစိုးရက ဗမာပြည်က သဘာဝဓာတ်ငွေ့လိုချင်တာနဲ့ ဥပဒေကို ချိုးဖောက်ပြီး လက်ခံနေတာကိုလည်း မဟာဗောဓိခြေရင်းမှာ သန်းရွှေပေးထားတဲ့ ကြေးဆင်းတုကို မြင်ရင် သိနိုင်ပါတယ်။

လုံးခြုံရေး တာဝန်ယူထားတဲ့ အိန္ဒိယသက်ဆိုင်ရာပုဂ္ဂိုလ်တွေကလည်း သန်းရွှေအတွက် တာဝန်ယူပေးနေရတာကို စိတ်ပျက်ညဉ်းညူနေကြကြောင်း သိရပါတယ်။ တဆက်တည်းမှာ နယူးဒေလီကို သွားပြီး သက်ရာပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး အိုင်တီမြို့တော်ဖြစ်တဲ့ ဟိုဒရာဘတ်မြို့ကိုသွားရောက် လေ့လာမည်ဖြစ်ကြောင်း မကောင်းသတင်းကို စိတ်နာနာဖြင့် ရေးသားလိုက်ရပါတယ်။

 အညာနွေတမာမြေ မှ သတင်းများကို ကိုးကားဖော်ပြပါသည်။
ၵၵၵ

No comments: