နှစ်ပေါင်း ၁၀၀ ကျော်မှ သမိုင်းဝင် ငွေစက္ကူများကို ဖော်ထုတ်နိုင်ခဲ့

လွန်ခဲ့သည် နှစ်ပေါင်း ၁၀၀ ကျော်တွင် ရန်ကုန် နေပြည်တော်ကြီးအား ဆဋ္ဌသင်္ဂါယနာတင် ဦးနုဘဝရှင် မင်းတရားကြီးအား နန်းချ၍ ဓားပြဗိုလ် နေဝင်းမှ သိမ်းပိုက်အုပ်စိုးခဲ့သည်။ နေဝင်းနွားမင်းကြီး ကံကုန်လေသော် သန်းရွှေခေါ် မင်းခွေးချီးသည် ပိုင်သိမ်း စိုးအုပ်ခဲ့လေသည်။ မင်းခွေးချီး ကောင်းစားစဉ် ကာလအတွင်း ငွေကြေးပိုက်ဆံကို ကောင်းစွာ အသုံးချတတ်အောင် စွမ်းဆောင်နိုင်ခဲ့ သလို ငွေကြေးစက္ကူ ထုတ်လုပ်ရာတွင် အိမ်သာသုံး စက္ကူအား အောင်မြင်စွာ အစားထိုးနိုင်ခဲ့လေ၏။ တနိုင်တဝှန်းမှး သံဃာတော်များနှင့် တိုင်းသူ ပြည်သားတို့အား အောင်မြင်စွာ နှိပ်ကွပ်နိုင်ခဲ့သဖြင့် ဆိုးတကာ့ဗိုလ်မော်ကွန်းအား အမည်မသိ စာဆိုတယောက်က ရေးစပ်ရာတွင် များစွာ ကျော်စောခဲ့လေ၏။ ထိုမော်ကွန်းမှာ…. ကျွန်တော့် နာမည် သန်းရွှေ ပြည့်သူ့ကျောင်းမှာနေ စသည်တည်း။

မင်းခွေးချီး ကောင်းစားစဉ်ခေတ်က ငွေကြေး
သန်းရွှေခေါ် မင်းခွေးချီးကို ဂမ်ဘာရီခေါ် မျောက်ဝံမင်းကြီး၊ စိန့်ပြည်မှ ဝက်ကျားပေါက်၊ ယိုးဒယားပြည်မှ ဝမ်းကြီးချုပ် အဘီဆစ်စသော အပြည်ပြည်မှ မင်းအပေါင်းတို့က ဦးညွတ်ဂါရဝ ပြုရသည်ထိ ပျံ့နှံ့ကျော်ဇောခဲ့လေ၏ဟု ဦးတရုတ် ရာဇဝင်စာအုပ်တွင် ရေးသား ဖော်ပြထားလေသည်။

မင်းခွေးချီးကောင်းစားစဉ် ခေတ်က တရာကျပ်တန်
မင်းခွေးချီးကောင်းစားစဉ် ခေတ်က နှစ်ရာကျပ်တန်

သမိုင်းဝင် ငွေစက္ကူများ ဖောက်ထုတ်ပေးခဲ့သည် အုံလိုင်း သမိုင်းပညာရှင်ကြီးအား အထူးပင် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။

No comments: