ခွပ်ဒေါင်းဂျာနယ်တွေရမယ် တစောင်မှ ၅၀၀ ပဲ


၂၁/ ၀၃/ ၂၀၁၁ ခုနှစ်၊ တနင်္လာ နေ့လယ် ၁၂ နာရီခွဲခန့်က တာမွေမြို့နယ်အတွင်း ခွပ်ဒေါင်းဂျာနယ်အား လှည့်လည်ရောင်းချခြင်း၊ မြန်မာအင်္ကျီ အဖြူနှင့် ချည်လုံချည် ဝတ်ဆင်ထားပီး ပင်နီလွယ်အိတ်ဆင်တူ လွယ်ထားကြသော လူရည်သန့် အမျိုးသမီးတဦးနှင့် အမျိုးသားနှစ်ဦးသည် “ခွပ်ဒေါင်းဂျာနယ်တွေရမယ်၊ ဒီရွေးကောက်ပွဲမှာ တရားမျှတလား မမျှတလားဆိုတာ သိချင်ရင် ဒီဂျာနယ်ကိုဖတ်၊ ဒီလိုရောင်းမရောင်းရတာ နှစ်၂၀ ရှိပြီ XXXXXXX တစောင်မှ ၅၀၀ ထဲ” စသဖြင့် အော်ဟစ် ရောင်းချ နေတာကို ကျနော်အိမ်မှာ ရှိနေတဲ့ မိသားစုအပါအဝင် ပတ်ဝန်းကျင်မှ ကြားမြင်သူတွေက ပြောပါတယ်။ လမ်းထဲမှာတော့ အဲ့ဒီမှာပါတဲ့ အမျိုးသမီး အော်ဟစ်ရောင်း ချနေတာ တော်တော့်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်လို့ ပြောကြပါတယ်။ ကိုယ်တိုင်ဂျာနယ် မဝယ်လိုက်ရလို့ ဝယ်ထားတဲ့ လူဆီကနေ ဂျာနယ်ရဲ့ စာမျက်နှာအချို့ကို ဓာတ်ပုံ ပြန်ရိုက်ယူခဲ့ပါတယ်။
Mandalay Gazette မှ ကူးယူဖော်ပြပါသည်။

No comments: