အကြောင်းပြချက် မပြည့်စုံဘဲ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပိတ်ပင်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပြဿနာ


ကျောင်းအမည်-         အ.ထ.က (၁) ဗဟန်း
ကျောင်းအုပ်-            ဒေါက်တာဒေါ်နွယ်နီလွင်
ပညာရေးမှူး-             ဒေါ်မြင့်မြင့်ကြည်
မြို့-                        ရန်ကုန်မြို့

အထက်ပါကျောင်းမှ ချမှတ်လိုက်သော လုပ်ရပ်များသည် လူမဆန်လွန်းသည် ထင်သည်။

ဒသမတန်း (တက္ကသိုလ်ဝင်တန်း) တွင် အစိုးရထံ ဖြေဆိုခွင့် တင်ပြီးသား ကျောင်းသား/ ကျောင်းသူ အချို့ကို ကျောင်းစည်းကမ်း ဖောက်ဖျက်ခြင်း၊ ၇၅ ရာခိုင်နှုန်း မပြည့်မှီခြင်း မဟုတ်ပါဘဲလျက် ကျောင်းလပတ် စာမေးပွဲတွင် မဖြေဆိုနိုင်ရုံမျှဖြင့် တစ်ခုတည်းကို အကြောင်းပြကာ  အစိုးရစာမေးပွဲ ဖြေဆိုခွင့်ကို ပိတ်ပင်လိုက်ကြောင်း သိရသည်။ ကျောင်းသားမိဘများထံ လက်မှတ်ထိုးစေပြီး အချို့ကျောင်းသားများကို တစ်နှစ် ရပ်နားပါရန် တောင်းဆိုသည်ဟု ဆိုသည်။ ယင်းအတွက် မကျေလည်ကြသော မိဘ၊ အုပ်ထိန်းသူများက တောင်းဆို၍ ယင်းအချို့ ကျောင်းသားများကိုသာ လက်ကြိတ်ထိုး ပြန်လက်ခံနေပြီး အချို့ကို ပိတ်ပင်ထားမြဲ ဖြစ်သည်ဟု ကြားသိရပါသည်။ ယင်းသို့ ထုတ်ပယ်ထားခြင်း ခံရသော ကျောင်းသား ကျောင်းသူများအနက် စာရင်းကောက်ယူရရှိသော အမည်များမှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ မောင်မျိုးဇော်
၂။ မောင်အောင်ကျော်ဝင်း
၃။ မောင်ချစ်ဟိန်းထွဋ်
၎။ မောင်အာကာဖြိုး
၅။ မောင်ဇော်ဝင်းထွဋ်
၆။ မောင်ဟိန်းမင်းဝင်း
၇။ မောင်ဟိန်းမင်းလင်း
၈။ မောင်ရဲလင်းထက်
၉။ မောင်သူရသိန်းဇော်
၁၀။ မောင်ဉာဏ်ဝင်းထွဋ်
၁၁။ မနီနီလှိုင်
၁၂။ မအိမ့်မြင့်ချယ်
၁၃။ မချိုချိုမြင့်
၁၄။ မဖြူနှင်းဝေ
၁၅။ မနှင်းနန္ဒာထွန်း

ယင်းကောက်ယူရရှိသည့် တစ်ဆယ့်ငါးဦးအနက်၊ မောင်မျိုးဇော်၏ ကျောင်းဝင်အမှတ် မှာ- ၃၁၀/ ၀၉ ဖြစ်ပြီး အဆိုပါကျောင်း၏ ဒဿမတန်း (ဃ) တွင် ပညာသင်ကြားနေသူ ဖြစ်သည်။ အတန်းပိုင် ဆရာမအမည်- ဒေါ်ဝင်းမာ ဖြစ်သည်။ ကျောင်းသား၏ မိဘ အုပ်ထိန်းသူများမှာ- အဖ  ဦးဌေးနှင့် အမိဒေါ်နွယ်ဖြစ်ပြီး၊ မွေးသက္ကရာဇ်- ၁၃.၁.၁၉၉၄ ဖြစ်သည်။ ပြီးခဲ့သည့် လပတ် ကျောင်းစာမေးပွဲတွင် ဖြေဆိုရရှိသော အမှတ်မှာ-
မြန်မာစာ- ၃၂ မှတ်။
အင်္ဂလိပ်စာ- ၁၈ မှတ်။
သင်္ချာ- ၁၅ မှတ်။
ဓာတုဗေဒ- ၁၆ မှတ်။
ရူပဗေဒ- ၂ မှတ်။
ဘောဂဗေဒ- ၃၉ မှတ်တို့ ဖြစ်ကြပါသည်။

ကျောင်းစည်းကမ်း စည်းမျဉ်းလည်း ဖောက်ဖျက်ထားခြင်း မရှိသော၊ ပညာရေးဌာနမှ ချမှတ်ထားသော စည်းမျဉ်းတစ်ခုဖြစ်သည့် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းလည်း ပြည့်မှီသော ကျောင်းသူ ကျောင်းသားများကို "လပတ်စာမေးပွဲတို့တွင် မဖြေဆိုနိုင်သောကြောင့် အစိုးရ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ဖြေဆိုနိုင်စွမ်း မရှိ" ဟူ၍ ဥပဒေမဲ့ အကြောင်းပြ ထုတ်ပယ်သည့် ယင်းကျောင်း၏ လုပ်ရပ် မှန်ကန်မှု ရှိမရှိကို စာဖတ်သူတို့ တွေးယူ ဆင်ခြင်နိုင်ကြစေရန်နှင့် အပြစ်မဲ့ ထုတ်ပယ်ခံလိုက်ရသော ကျောင်းသားများ၏ အနာဂတ်မှာ ယင်းစီမံချက်ဖြင့်ပင် တစ်နှစ်ဟူ၍ အကြောင်းမဲ့ အညွန့်ကျိုးသွား ကြရမည်လော။ ကျောင်းသားများ၏ ကြိုးပမ်းခွင့်ကို မမြှင့်တင်ဘဲ နှိမ့်ချသမှု ပြုကြသည့် ယင်းကျောင်းမှ ဆရာ၊ ဆရာမများသည် "ကျောင်းဆရာ၊ ကျောင်းဆရာမ" ဟူသော အမည်ပင် ခံယူထိုက်သလော။ ယင်းသို့သော ကျောင်းမျိုးကို ယခုတင် သွားရောက် စုံစမ်းနိုင်သည့် အလျောက် သိရှိကြပြီးပါက ဤသို့ပင် လျစ်လျူ ရှုထားကြမည်လော ဆိုသည်ကို မြန်မာပြည်သူ ပြည်သားများ၏ ပညာရေး ကဏ္ဍအတွက် တစ်ထောင့် တစ်နေရာမှ တွေးဆ ကြပါစေရန် တင်ပြ အပ်ပါသည်။

No comments: