နွေထဲမှာ

  နွေထဲမှာ
မောင်ပြည်အေး (သံတွဲ)

ထုတ်မပြောရက်
နှုတ်သဘောအခက်ကို
ဥသြငှက်ကလေး သိပါတယ်...။

တိမ်ပန်းချီသန်း
အိမ်ဆီလွမ်းလည်း
ထိန်နီပန်းက ပြုံးတုံ့လှယ်...။

ဘယ်အပူနှင့်
ငယ်သူခင့်ကို
ကြယ်ဖြူပွင့်က ချော့ပေါ့ကွယ်...။

၁၉၉၀၊ မတ်လ။
မောင်ပြည်အေး (သံတွဲ)

No comments: