ရန်ကုန်၊ သြဂုတ် ၂၆- ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက် ခန်းများတွင်နေထိုင်သော လူများ၏ စွန့်ပစ်မစင်များမှ ဇီဝဓာတ်ငွေ့များအား စနစ်တကျထုတ်ယူပြီး မီးဖိုများ၊ မီးစက်များ၊ မော်တော်ကားများတွင် လောင်စာအဖြစ် သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ လူ့အညစ်အကြေးမှ ဇီဝဓာတ် ငွေ့ထုတ်ယူခြင်းနည်းပညာအား မြန်မာ့စွမ်းအင်သစ် အဖွဲ့က ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာတွင် မီးဖိုချောင်သုံးအမှိုက်များ၊ စားသောက်ဆိုင်သုံးအမှိုက်များ၊ လူ့အညစ်အကြေးများ မှ ဇီဝဓာတ်ငွေ့ထုတ်ယူပြီး မော်တော်ကားများမောင်းနှင် လျက်ရှိကြောင်းသိရသည်။
''တရုတ်မှာဆို လူရဲ့မစင်ကနေ ဇီဝဓာတ်ငွေ့ ထုတ်ယူတဲ့ဓာတ်ငွေ့ဖိုပေါင်း သိန်းဂဏန်းဝန်းကျင်ရှိပါ ပြီ။ နီပေါဟာဆိုရင် ဓာတ်ငွေ့ဖိုများများတည်ဆောက် နိုင်တဲ့အတွက် ကုလသမဂ္ဂကနေ ဆုကြေးမြောက်မြား စွာ ရရှိနေပါတယ်''ဟု အဆိုပါအဖွဲ့မှ သုတေသနပညာ ရှင် အင်ဂျင်နီယာဦးကျော်ကျော်ကပြောသည်။ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် ငွေ့များလျော့နည်းစေရန်အတွက် ဇီဝဓာတ်ဆီ၊ ဇီဝ ဒီဇယ်၊ ဇီဝဓာတ်ငွေ့ အစရှိသည်တို့ကို မော်တော်ကား များတွင် သုံးစွဲခြင်းဖြစ်ကြောင်း သိရသည်။
''လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် ငွေ့လျှော့ချနိုင်ဖို့အတွက် မြေကြီးထဲကထွက်တဲ့ ဓာတ် ဆီ၊ ဒီဇယ်တွင်းထွက်လောင်စာသုံးတာတွေကို လျှော့ ပစ်ရမယ်။ အဲဒါတွေသုံးမယ့်အစား ဇီဝဓာတ်ဆီ၊ ဇီဝဒီ ဇယ်၊ ဇီဝဓာတ်ငွေ့ သုံးသင့်တယ်။ လျှပ်စစ်ကားတွေ၊ ရေဓာတ်ငွေ့နဲ့ ပူးတွဲကားတွေသုံးသင့်တယ်''ဟု ယင်းက အကြံပေးပြောကြားသည်။
သို့ဖြစ်၍ လူ့အညစ်အကြေးမှ ဇီဝဓာတ်ငွေ့ ထုတ်ယူခြင်းနည်းပညာအား လက်တွေ့စမ်းသပ်ဆောင် ရွက်လိုသူများအနေဖြင့် မြန်မာ့စွမ်းအင်သစ်အဖွဲ့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Yangon Media Group မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment