လယ်တောထဲမှာ ပျော်နေရှာသည့် ဆရာတင်ချို |
အရပ်ထဲမှာ နေရတာ မျက်စိရှုပ်လို့ တောင်သူပဲ လုပ်နေသူ အလယ်တန်းပြ ကျောင်းဆရာဟောင်း ဆရာတင်ချို(နိုင်ငံရေးအကျဉ်းသားဟောင်း)။ ဆရာဇော်ဂျီ၏ လယ်စောင့်တဲလေး ကဗျာက ကျောင်းဆရာဘ၀က ကလေးတွေကို စာသင်ပေးတဲ့ အချိန်တုံးကထက် ကိုယ်တိုင် လယ်တောထဲ လယ်စောင့်တဲလေးမှာ လက်တွေ့နေတဲ့အခါ ပိုပြီး အရသာ ရှိသဗျာတဲ့။ အရင်က ကလေးတွေ ပညာတတ်ဖို့ ဉာဏ်စွမ်းရေကို မြင့်တယ်ပေးခဲ့တယ်။ အခုလဲ လူတွေ အဟာရဓာတ်ပြည့်ဝဖို့ ကိုယ်တိုင် စပါးစိုက်တယ်လေ။ လယ်တောထဲမှာ တကယ်နေတော့ ကျနော်က ပိုပြီး Green- စိမ်းတာမို့ ဒီကမ္ဘာကြီးမှာ နေပျော်သူ…တဲ့။ အကောင်းမြင်စိတ်နဲ့ လယ်တောထဲက ဆရာတင်ချို၏ Green Philosophy ပါ။
့သူတွေကတော့ ဟိုး… ကျေးလက်တောရွာက ရွာအပြင် လယ်ကွင်းပြင်က လယ်စောင့်တဲလေးမှာ တရားကျစရာ ကောင်းလို့ တင်ပြလိုက်တာပါ။
ဆရာ တင်ချိုဟာ ကလေးမြို့နယ်က နတ်ချောင်းရွာက အလယ်တန်းကျောင်းဆရာပါ။ ပြည်ပအဖွဲ့ အစည်းတွေနဲ့ NLD ရုံးချုပ်အကြား ဆက်သွယ်မှုတွေကြောင့် ၁၉၉၆ ခုနှစ်က ထောင် ၇ နှစ် ကျခဲ့သူပါ။ သူနဲ့အတူ ရပ်နေသူ ကိုဝင်းနိုင်ဟာလဲ ကလေးမြို့ ကောလိပ်က ဒုတိယနှစ် ကျောင်းသား ဘ၀နဲ့ ဆရာဦးတင်ချိုတို့နဲ့အတူ ထောင်ကျခဲ့သူပါ။ ကလေးမြို့က NLD အမတ်ဟောင်း ဦးဒိုထောင်း (ချင်းအမျိုးသား-ကွယ်လွန်) နဲ့ အတူတူ ထောင်ထဲမှာ လျော့ရက်မရပဲ နှစ်ပြည့်နေခဲ့သူတွေပါ။
အခုတော့ ဆရာတင်ချိုဟာ ရွာအပြင်က လယ်ကွင်းထဲက လယ်စောင့်တဲလေးမှာပဲ သူ့ဘ၀ကို ဇာတ်မြှုပ်ပြီးနေရှာပါတယ်။ ရန်ကုန်က ခြံအမှတ် ၅၄ လေးကို လာပြီး အမေစုလို့ခေါ်ဖို့ လမ်းစရိတ်မပြောနဲ့ တရုတ်လုပ် ရေဒီယိုလေးအတွက် နေ့စဉ် သတင်းနားထောင်ဖို့ ဓာတ်ခဲဖိုးတောင် အနိုင်နိုင် ရုန်းကန်နေရသူပါ။
ဒါက သူများတွေ မလုပ်ရဲ မကိုင်ရဲ မပြောရဲတဲ့အချိန်မှာ ဒီချုပ်အတွက် တကယ် လက်တွေ့လုပ်ခဲ့သူတွေ၏ လက်ရှိဘ၀ပါ။ အရင် NLD အမတ်ဟောင်း (ယခု ပအိုဝ် အမျိုးသားအဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်း တို့နှင့်အတူ လူပေါင်း ၂၇ ဦး ထောင် ၇ နှစ်ကနေ အထက်ကျခဲ့သူတွေပါ)။ အခုတော့ အဲဒီ လူတွေက ဒေါ်စုကို သွားပြီး အမေစုလို့ခေါ်ဖို့ ၅၄ ခြံထဲသွားဖို့ အဆင်မပြေ မတတ်နိုင်ပဲ လယ်တောက တဲထဲမှာ ထိုင်နေရတဲ့အချိန် တချိန်က အဘ အဘနဲ့ အစိုးရနဲ့ ပေါင်းပြီး ကြီးပွားချမ်းသာ အခွင့်အရေးယူခဲ့တဲ့ အနုပညာသမားတွေရော တခြားနယ်က လူပေါင်းစုံကတော့ အခုအခါ အမေစု အမေစုနဲ့ တရုန်းရုန်းဖြစ်နေတာပါ။ ။ မြန်မာ့နိုင်ငံရေးဟာလဲ အဘ ခေါ်တတ်ရင် အမေ ခေါ်တတ်ရင် အတော်အဆင်ပြေသလို ဖြစ်နေတာ သံဝေဂဖြစ်စရာပါ။
No comments:
Post a Comment